ကဝမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲကျင်းပ

ကဝ ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives -SPI) အကောင်အထည်ဖော်ရေးမြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.ထ.က(ကဝ) ၊ ဆရာကျော့ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကဝမြို့နယ်ပညာရေးမှူး ဦးလင်းအောင်က ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives-SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲများပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ သင်တန်းနည်းပြဆရာဆရာမများနှင့် ကဝမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့်‌ ဆရာ/ဆရာမများ စုစုပေါင်း(၁၇၂)ဦးတက်ရောက်ခဲ့ပြီး ပညာရေးတွင်ဆယ်ကျော်သက်လူငယ်များ၏ ပါဝင်ဆောင်ရွက်မှု၊ ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေး ဦးစားပေးနယ်ပယ် (၇) ခုနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုနှင့် လေ့လာကြီးကြပ်မှုစသည့် ခေါင်းစဉ်များဖြင့် (၃)ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)