မန္တလေး ဒီဇင်ဘာ ၂
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲကို မသန်ပေမယ့်လည်း စွမ်းတယ်ဆိုတာ ပြသဖို့အတွက် ပြိုင်ပွဲပြုလုပ်ပေးရခြင်းဖြစ်ပြီး ကိုယ်ခန္ဓာမသန်စွမ်းသူ၊အမြင်အာရုံ မသန်စွမ်းသူ၊အကြားအာရုံ မသန်စွမ်းသူ အားကစားသမား ၇၅ ဦးက အားကစားနည်း ၂၆ မျိုးကို ပါဝင်ယှဉ်ပြိုင်ကြသည်။
တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်လင်းအောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းအောင်ထက်၊ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)