ကမမောင်း ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာယီနေရပ်စွန့်ခွာသူပြည်သူများနှင့် သက်ကြီးရွယ်အိုများအား အခမဲ့ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
ကမမောင်းမြို့ရှိ ခေတ္တပြောင်းရွှေ့ခိုလှုံနေကြသော ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအပါအဝင် မြို့နေပြည်သူလူထုများအား ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်ရာတွင် အထွေထွေလူနာ(၁၅၀)ဦး၊ သက်ကြီး ရွယ်အို(၅၀)ဦး၊ ဆီချိူသွေးတိုးနှလုံး (မကူးစက်ရောဂါ) (၃၅)ဦး၊ မျက်စိစမ်းသပ်စစ်ဆေးသူ(၃၀)ဦး၊ ကလေးငယ်များပုံမှန်ကာကွယ်ဆေးထိုးရန် မမီလိုက်သော ကလေးငယ် (အမီလိုက်ကာကွယ်ဆေး)(၃၄)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှု အဆင့်ဆင့်ကို ဖာပွန်မြို့နယ်၊ ကမမောင်းတိုက်နယ်ကျန်းမာရေးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း(၂၀)ဦး၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးသန်းလင်းနှင့်ဝန်ထမ်းများ၊ မြို့အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကမမောင်း(ပြန်/ဆက်)