(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပ

ဒဂုံ  ဒီဇင်ဘာ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့မန်နံနက် ၉ နာရီအချိန်က (၁၀၃)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ်ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲတွင်(၄၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၅ဦးတို့မှအသီးသီးယှဥ်ပြိုင်ခဲ့ကြပြီး ဆက်လက်၍ အသိပညာပေးဟောပြောပွဲများကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒဂုံမြို့နယ်၊ အမှတ်(၂)အ​​​​​ခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်နိူင်က (၁၀၃) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးခိုင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများအား(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စား စွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးမိုးခိုင် (မြို့နယ်ပြန်/ဆက်)