ကြံခင်းမြို့ (အ.ထ.က-၁) ကျောင်းတွင်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကြံခင်း  ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ (အ.ထ.က-၁) ကျောင်းတွင်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နေ့လည်ပိုင်းက  အဆိုပါကျောင်းရှိ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အသိပညာပေး ဟောပြောပွဲတွင် (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်စိတ်(၂)၊ (ဟင်္သာတ) ခရိုင်မှ ဒုရဲမှူးကျော်မျိုးသိန်းက  သက်ငယ်မုဒိမ်းမှု လျှော့နည်းကျဆင်းရေးဆိုင်ရာ အချက်များအားလည်းကောင်း၊  ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဟောပြောပါသည်။

ထို့နောက် ကျောင်းသား/သူများအား သက်ငယ်မုဒိမ်းဖြစ်ပွားမှု၏ ဆိုးကျိုးများ၊  ရှောင်ရှားရမည့် အချက်များနှင့် လူကုန်ကူးခြင်းနှင့် ပတ်သက်ပြီး ကာကွယ်ရမည့် အချက်များအား  တာဝန်ရှိသူများက အပြန်အလှန် မေးမြန်းကာ  အသိပညာပေး ရှင်းလင်းဟောပြောကြသည်။

ဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၃၀၀) ဦး တက်ရောက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)