ကွန်ဟိန်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ်ဘောလုံးကစားကွင်းစုရပ်မှ ပြည်ထောင်စုလမ်းမ ကွန်ဟိန်းတံတားစု ပေါင်းဂိတ်အထိ တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၊ တောင်ဘက်မုဒ်ဦးတွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကွန်ဟိန်းမြို့နယ်အတွင်းစုပေါင်းလမ်းလျှောက်ပွဲတွင် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ကိုနိုင်နှင့် တပ်ရင်းတပ်ဖွဲ့များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း(၃၉၃)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)