မိုင်းယောင်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၃)ကို ယမန်နေ့က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနိုင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဝင်းခိုင်နှင့်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ပုံစံ(၇)လျှောက်ထားသည့် အမှုတွဲ(၁၈၃)တွဲအား ကွင်းဆင်းအဖွဲ့(၆)ဖွဲ့မှ ကွင်းဆင်းစိစစ်ချက်များအပေါ် အတည်ပြုချက်ရယူနိုင်ရေးများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပပြီး တာကြန့်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာတို့တွင် ကျေးရွာမြေဌားဂရန်ပေးအပ်နိုင်ရေး နယ်နိမိတ်တိုင်းတာခြင်းအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာရှိ ဆောင်းသီးနှံ ငရုတ်သီးနှင့် နှံစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း