မက်မန်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအဝးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မက်မန်းခရိုင်၊ မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်သူက မီးဘေးအန္တရာယ်ဖြစ်စေတတ်သည့် အကြောင်းအရင်းများ၊ မီးလောင်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ မီးဘေးအန္တရာယ်ဖြစ်နိုင်သည့် အကြောင်းအရင်းများအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို ဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲတွင် မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 နှင့် Grade-9 တို့မှ ဆရာ/ဆရာမ(၅၁)ဦး တက်ရောက်ခဲ့ကြသည်။ ထို့ပြင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေခဲ့ကြကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)