မြောင်းမြမြို့တွင် အုပ်စုအဆင့်အခြေခံပညာ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မူလွန်ဘုရားချောင်း(ရပ်)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အုပ်စုအဆင့်အခြေခံပညာ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြောင်းမြမြို့နယ်ပညာရေးမှူးဆရာကြီးဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အုပ်စု(၁)ခေါင်းဆောင် အ.မ.ကခါတော်မီကျောင်းအုပ်ဆရာကြီး ဦးအောင်သင်းထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မူလွန်ဘုရားချောင်း (ရပ်) ကျောင်းမှ လက်‌ထောက်မူပြ နည်းပြဆရာမဒေါ်အိအိနိုင်က သင်ခန်းစာများပို့ချ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး မြောင်းမြမြို့နယ် အုပ်စု(၁)မှ ဆရာ/ဆရာမ(၈၆)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)