တံတားဦးမြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြို ဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တံတားဦး ဒီဇင်ဘာ ၄

၂၀၂၃-ခုနှစ် ဒီဇင်ဘာလ (၇)ရက်၊ တန်ဆောင်မုန်းပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က အလယ်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်လာထွန်းလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်ပါကြောင်း ပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း၊အသင်းဝင်စာရေးဆရာကိုခန့်(တံတားဦး)က အမှတ်ပေးစည်းမျဉ်းများနှင့် အမှတ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများက “ အမျိုးသားနေ့တို့မမေ့ “ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအား မြို့နယ်ဦးစီးအရှိရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးကြသည် ။ စာစီစာကုံးပြိုင်ပွဲ  ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တံတားဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ ကူညီပံ့ပိုးပေးကြောင်းနှင့်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်း သား/သူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)