သရက်ချောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း   ဒီဇင်ဘာ 

"ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပညာရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ရေး အသိပညာပေးဟောပြောပြီးကျောင်းသား/သူများကလည်း အမျိုးသားအောင်ပွဲနေ့အကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)