သတင်းများ

နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး
Dec 05,2023
နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်လည်းကောင်း၊ ဆန်၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် လည်းကောင်း ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 05,2023
ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံတူဆွဲပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ခေါင်လန်ဖူးမြို့၌ ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် လူငယ်မိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 05,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီး မှူး၍ ဒီဇင်ဘာ(၉)ရက်နေ့တွင် ကျရောက်သည့် ရဝမ်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဝမ်အမျိုး သားနေ့အထိမ်းအမှတ် လူငယ်များမိတ်သဟာရ ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့အားကစားကွင်း၌ကျင်းပသည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 05,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံ ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးကြသည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်-၅ ရပ်ကွက်၌ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Dec 05,2023
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် ကျေးလက်ကျန်းမာရေးဌာနမှ ၁ နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်‌ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်-၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်တွင်  ဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ပွဲ
Dec 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၉ နာရီခွဲက အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။
ဟိုမိန်းမြို့၌ ပြည်သူများအား တီဘီရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်း အခမဲ့ ကွင်းဆင်းဆောင်ရွက်
Dec 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံတွင် ပြည်သူများအား တီဘီရောဂါ ရှိ/မရှိ ရှာဖွေစမ်းသပ်ကုသပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီမှစတင်၍ ညနေ ၅ နာရီအထိ ဟိုမိန်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကွန်ဟိန်းမြို့နယ် (Community Centre) ခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။