မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ဖြေဆို

မိုးကောင်း ဒီဇင်ဘာ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကာရာမစာသင်တိုက်၌ ၂၀၂၃ ခုနှစ် ဝိနယသဒ္ဓမ္မပါလစာမေးပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီတွင် ကျင်းပသည်။

အဆိုပါစာမေးပွဲသို့ ပထမကြီးတန်းစာရင်းရှိ (၂)ပါးအနက် ဖြေဆိုသူ(၂)ပါး၊ ပထမလတ်တန်း စာရင်းရှိ(၉)ပါးအနက် ဖြေဆိုသူ (၈)ပါး၊ ပထမငယ်တန်း စာရင်းရှိ (၁၈)ပါးအနက် ဖြေဆိုသူ (၁၅)ပါးနှင့် မူလတန်းစာရင်းရှိ (၈၄)ပါးအနက် ဖြေဆိုသူ (၈၃)ပါး စုစုပေါင်း (၁၀၈)ပါးရှိကြောင်း သိရသည်။

ပထမကြီးတန်းအား ဝိနည်းငယ်လေးဆောင်ဘာသာဖြင့်လည်းကောင်း၊ ပထမလတ်တန်းအား ဒွေးမာတိကာဘာသာဖြင့်လည်းကောင်း၊ ပထမငယ်တန်းအား ဘိက္ခုပါတိမောက်ဘာသာဖြင့်လည်းကောင်း၊ မူလတန်းအား ရှင်ကျင့်ဝတ်ဘာသာဖြင့်လည်းကောင်း အသီးသီး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)