သတင်းများ

မလှိုင်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ Helpline Phone နံပါတ်များ ဖော်ပြသည့် billboard စိုက်ထူ
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အများပြည်သူတိုင်ကြားနိုင်သည့် အကြောင်းအရာများနှင့် Helpline Phone နံပါတ်များ ဖော်ပြသည့် billboard စိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့နယ်အမျိုးသမီးရေးရာရုံးတည်ရှိရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မလှိုင်-ကျောက်တန်းလမ်းမကြီးဘေးတွင် စိုက်ထူခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ထပ်ဆင့်ပေးအပ်
Dec 05,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားရှိုးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများထံ ယမန်နေ့က ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။  
မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအား  ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ဌာဆိုင်ရာများက ကျေးရွာများ အရောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲဆောင်ရွက်
Dec 05,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်​နေ့က ​အုတ်ဖိုအုပ်စု သင်တောကျေးရွာဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြသည်။
ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ
Dec 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
တောင်ငူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ စတင်ကျင်းပ
Dec 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာပုံစာသင်ဆောင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲအား အစဥ်အလာမပျက်ကျင်းပ
Dec 05,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာတောင်တော်မြတ်၌ ကိန်းဝပ်စံပယ်တော်မူသည့် နှစ်ကျိပ်ရှစ်ဆူသော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များနှင့် ကျွန်းနက်သားဖြင့် ထွင်းထုထားသော ကျွန်းနက်ရှင်သီ၀လိရဟန္တာရုပ်ပွားတော်အား မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အစဥ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့၌ ကျင်းပ
Dec 05,2023
မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှဦးဆောင်ပြီး "အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ" ကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။