သတင်းများ

ဂွမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး အခမ်းအနားကျင်းပ
Dec 05,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းလပ်မြို့၌ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်းရှိ တောင်သူများအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ ပဲမျိုးစုံစသည့် သီးနှံများ စိုက်ပျိုးကြကြောင်းနှင့် နမ့်ငေါ့ကျေးရွာနေ ဦးကျလော၏ ယာခင်း၌ စိုက်ပျိုးထားသော မြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ကွင်းဆင်း ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ခုတင်(၃ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုသို့ အခမဲ့ ရောဂါရှာဖွေ ဆေးကုသပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ညနေပိုင်းထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တံတားမြို့ ကဒပ္ပနကျေးရွာ၌ ဆောင်းသီးနှံသီးထပ်စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဟောပြောပွဲနှင့် မျိုးစေ့ချကိရိယာ (Seeder) သရုပ်ပြပွဲအခမ်းအနား ကျင်းပ
Dec 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ ကဒပ္ပနကျေးရွာအုပ်စု၊ ကဒပ္ပနကျေးရွာတွင် ဆောင်းသီးနှံသီးထပ်စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဟောပြောပွဲနှင့် မျိုးစေ့ချကိရိယာ (Seeder) သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၂၀၂၃)ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် သန့်ရှင်းသာယာလှပရေး စဥ်ဆက်မပြတ်ဆောင်ရွက်
Dec 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များနှင့် မြို့ဝင်မြို့ထွက် လမ်းမများ သန့်ရှင်းသာယာလှပစေရေးအတွက် စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရေးစပ်ခြင်းနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ
Dec 05,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် အခြေခံပညာကျောင်းများတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့၊ မွန်းလွဲပိုင်းက ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာဟောပြောပွဲနှင့် ကဗျာစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။