သတင်းများ

မောက်မယ်မြို့နယ်၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့နှင့် စာရေးများတို့က လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 05,2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီး‌နှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွာထောင်ရပ်ကွက် ဘိုးဘွားရိပ်သာရှိ အဘိုး/ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကင်းပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆို
Dec 05,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ပထမနှစ်) မောင်မယ်သစ်လွင်များနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ PPTT(၁၀/၂၀၂၃) သင်တန်းသားသင်တန်းသူများအား မောင်မယ်သစ် လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပန်းတောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ပူးပေါင်းဖွင့်လှစ်သော အခြေခံဘောလုံးဒိုင်လူကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပန်းတောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ပူးပေါင်းဖွင့်လှစ်သော အခြေခံဘောလုံးဒိုင်လူကြီးသင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယမန့်နေ့ နေ့လယ်(၃)နာရီအချိန်က ဥသျှစ်ပင်မြို့၊ ပြည်တော်သာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 05,2023
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာ၌ ထိုးနှံပေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်များ ချေးငွေပေးဆပ်ရန်ကျန်ရှိတောင်သူတို့အား တွေ့ဆုံဆွေးနွေး
Dec 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ချက်ဖြစ်သည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်များအား ၂၀၂၄ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ကအပြီး ကောက်ခံသွားရန် ညွန်ကြားချက်အပေါ် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် ဂွေးတောက်မြှောင်ကျေးရွာအုပ်စုရှိ ၂၀၂၀ မိုးချေးငွေနှင့် Covid-19 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေပေးဆပ်ရန် ကျန်တောင်သူ (၁၃၄) ဦးတို့အား တွေ့ဆုံဆွေးနွေးမှုများ ကျင်းပပြုလုပ်ခဲ့သည်။