ပန်းတောင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာဘာသာရပ်များ ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်းကျောင်များမှ ကျောင်းသား၊ ကျောင်းသူ (၃၈)ဦး၊ ပျက်ကွက်မရှိ၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၄)ဦး၊ ပျက်ကွက်(၉)ဦးစုစုပေါင်း (၆၃)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို ဒီဇင်ဘာ(၆)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း၊ ဒီဇင်ဘာ(၈)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကိုလည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)