တောင်ငူ ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာပုံစာသင်ဆောင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ နဝမတန်း (Grade-9) ကျောင်းသားကျောင်းသူ (၂၁)ဦး၊ ဒသမတန်း (Grade-10) ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး၊ ဧကာဒသမတန်း (Grade-11) မှ ကျောင်းသားကျောင်းသူ (၁၈)ဦး၊ ဒွါဒသမတန်း ( Grade-12) မှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၇၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် ကိုယ်လက်ကြံ့ခိုင်ရေးတို့ကို ဒီဇင်ဘာ (၅) ရက်နေ့မှ (၈)ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)