လားရှိုး ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားရှိုးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများထံ ယမန်နေ့က ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဝန်ထမ်းများကို ထပ်ဆင့်ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ဝန်ထမ်းများအတွက် တစ်ဦးလျှင် ဆီ (၅၀)သား၊ ကြက်ဥ (၁၀)လုံးစီ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ပေးအပ်ခဲ့သည့် ဝန်ထမ်းများမှာ တွဲဖက်ပြည်နယ်အဆင့် (၁၆၃၃)ဦး၊ ခရိုင်အဆင့် (၅၅၁)ဦး ၊ မြို့နယ်အဆင့် (၁၈၄၂)ဦးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)