သတင်းများ

ဟုမ္မလင်းမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Dec 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်ဟောပြောပွဲနှင့်စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ (၅) ရက်နေ့၊ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါင်းတည်၌ ၁၀၃နှစ်​မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ
Dec 05,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ (Community Centre)၌ ၂၀၂၃ ခုနှစ်၊ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ အခြေခံပညာမူလတန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားတွင် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ရေးဆိုင်ရာ စာမေးပွဲစစ်ဆေးခြင်း ဆောင်ရွက်
Dec 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးအတွက် စာမေးပွဲစစ်ဆေးဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီက အထက(လဲချား)စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း၌ကျင်းပ
Dec 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Golden Future Private High School ကိုယ်ပ်ိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က Golden Future Private High School ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် ဆောင်းသီးနှံ ပဲလွမ်းကို ဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုး ဆောင်ရွက်
Dec 05,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ စိုက်ပျိုးခြင်းကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် တောင်သူသီးနှံဝင်ငွေ တိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ပဲလွမ်းသီးနှံဧက ၃၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ၈၈၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
သရက်မြို့နယ် သဲဖြူကျေးရွာတွင် ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်
Dec 05,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်းအုပ်စု၊ သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇A) တွင် စိုက်ပျိုးဆောင်ရွက်ထားရှိသော ချည်မျှင်ရှည်ဝါ (၁၃)ဧက စိုက်ခင်း၌ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မျိုးလတ်နှင့် ခရိုင်စိုက်ကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြသည်။
ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ သီးနှံပုံစံ စိုက်ပျိုးထားသော ပန်းနှမ်းသီးနှံ စံပြကွက်ကွင်း သရုပ်ပြပွဲ ကျင်းပ
Dec 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများအား သီးထပ်စိုက်ဧကတိုးတက်ပြီး သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သီးနှံပုံစံ စိုက်ပျိုးထားသော ပန်းနှမ်းသီးနှံ စံပြကွက်ကွင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးကုန်း၌ ဆောင်ရွက်သည်။