ကျောက်ကြီး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာတောင်တော်မြတ်၌ ကိန်းဝပ်စံပယ်တော်မူသည့် နှစ်ကျိပ်ရှစ်ဆူသော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များနှင့် ကျွန်းနက်သားဖြင့် ထွင်းထုထားသော ကျွန်းနက်ရှင်သီ၀လိရဟန္တာရုပ်ပွားတော်အား မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အစဥ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာ၏ သြဝါဒခံယူပြီးနောက် ရှင်သီဝလိခြေတော်ရာကျောင်း ဆရာတော်ဥူးပညာဒီပအား အမှူးထား၍ ရှင်သီဝလိခြေတော်ရာတောင် ဂေါပကအဖွဲ့မှ ဦးဆောင်ကာ၊ မြို့နယ် အေးချမ်းသာယာစေးရေးရည်ရွယ်၍ နှစ်ကျိပ်ရှစ်ဆူသော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်များနှင့် ကျွန်းနက်သားဖြင့် ထွင်းထုထားသော ကျွန်းနက်ရှင်သီ၀လိရဟန္တာရုပ်ပွားတော်များအား ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အပူဇော်ခံပင့်ဆောင်ခဲ့ခြင်း၊ မြို့အတွင်း လှည့်လည်ပူဇော်ခြင်းများအား အစဥ်အလာမပျက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)