သတင်းများ

မိုင်းယောင်းမြို့တွင် နဂါးရုံဘုရား တည်ထားကိုးကွယ်နိုင်ရန် ညှိနှိုင်းစည်းဝေး
Dec 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် နဂါးရုံဘုရားတည်ထားကိုးကွယ်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ သီးနှံအာမခံပြုလုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 05,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ အာမခံလုပ်ငန်းများအကြောင်း အသိပညာပေးခြင်းနှင့် သီးနှံအာမခံပြုလုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Dec 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အရာတော်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာတွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာနေရသူများအား စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လှူဒါန်း
Dec 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စဉ့်အင်ကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် ပုန်းထွန်ကျေးရွာတွင်  ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအတွက် စေတနာရှင် အလှူရှင်များက ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို ပရဟိတအဖွဲ့များက အလှူရှင်များကိုယ်စား ယမန်နေ့က သွားရောက်ပေးပို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တာမွေမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 05,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆောင်းတွင်းကာလ လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် တောင်နေကြာပန်းများ လှပစွာ ပွင့်လျက်ရှိ
Dec 05,2023
ဆောင်းတွင်းကာလအတွင်းသာ ပွင့်လေ့ရှိသော တောင်နေကြာပန်းပွင့်များ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင် လှပစွာဖြင့် ပွင့်လန်းလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Dec 05,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Dec 05,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။