သတင်းများ

စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဒုတိယနေ့ဆက်လက်ဖြေဆို
Dec 06,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း အလယ်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုခြင်းကိုယနေ့နံနက်(၉)နာရီအချိန်က စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 06,2023
မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံအုပ်စု၊ နတ်မှော်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာ‌ပေး စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ
Dec 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရန် ရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသခဲ့သည်။
ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်ခိုင်မာရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ကျောင်း သား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့ထူးနေ့မြတ်များအကြောင်  သိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့  နံနက်(၉)နာရီက တောင်မင်းတည်း အုပ်ချုပ်ရေးရုံတွင်  မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကျောက်တန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများသည် (၄.၁၂.၂၀၂၃)ရက်နေ့ နေ့လယ် ၂ နာရီတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း Autum Dream Co.,ltd မှ တာဝန်ယူဆောင်ရွက်နေသော ကုန်ထုတ်ဂဝံလမ်း(၂/၀မိုင် x၁၂'x၀'.၉')၊ (၁၂'x၁၄')တံတား(၂)စင်း၊ Box culvert (၆'x၂၀)(၅)စင်း၊ စုစုပေါင်းကုန်ကျငွေ (၄၉၀.၇၈၄)သန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြို့သစ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နေ့လည်(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့မှူး၌ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Dec 06,2023
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။