သတင်းများ

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင်  အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၃)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လားရှိုးဒေသထွက် စောင်းလျားသီး (Star Fruit)များ ဈေးကွက်အတွင်း ရောင်းအားကောင်း
Dec 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသထွက် စောင်းလျားသီး (Star Fruit)များ ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ပြီး ရောင်းကောင်းလျက်ရှိနေကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများ အမျိုးသားရေးစိတ်ဓါတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ‌ပြိုင်ပွဲ ဆက်လက်ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အနာဂတ် ကျောင်းသား၊ ကျောင်းသူများ လူတော်၊ လူကောင်းများဖြစ်လာရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖြင့် ပြည့်စုံ၍ ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွန်းလာစေရန် ရည်ရွယ်ကာ‌ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း၊ အ.ထ.ခွဲ ကျောင်း (၆)ကျောင်း၊ အလယ်တန်း‌ကျောင်း (၉)ကျောင်းနှင့် အ.လ.ခွဲ ကျောင်း (၂)ကျောင်းတို့မှ မြို့နယ်အဆင့် လူရည်ချွန်‌စာမေးပွဲများကို အ.ထ.က(စေတုတ္တရာ)ကျောင်းတွင် ယ‌နေ့နံနက်ပိုင်းက ဆင်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ သမိုင်းဝင်မြစည်းခုံစေတီတော်၏ (၆၅ )ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် ပထမကျော်ဓမ္မာစရိယကျောင်းတိုက်အတွင်း ရှေးမင်းများ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြစည်းခုံစေတီတော်၏ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
Dec 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း သိရှိနားလည်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။
လိပ်သိုမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။