သတင်းများ

ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဆက်လက်ဖြေဆို
Dec 06,2023
ရှမ်ပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း​ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆို​ခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အရှေ့ရပ်ကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း​ သိရသည်။
မိုးနဲမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ‌ခြေခံပညာမူလတန်းကျောင်း (နာဟောင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
လဲချားတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် ‘သတင်းစကား’ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်တန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု GBV အသိပညာပေးသင်တန်းကျင်းပ
Dec 06,2023
ကျောက်တန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖျက်မှုပပျောက်ရေး GBV အသိပညာပေးသင်တန်းကို ၅.၁၂.၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမ္ဗာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ အခမ်းအနားကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်၌ လူရည်ချွန် စိစစ်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်စိစစ်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
မိုင်းတုံမြို့နယ်ရှိ မြို့မဈေးနှင့်ဈေးတန်းများ၌ မီးဘေးအန္တရာယ်ကင်းရှင်း​စေ​ရေး ကွင်းဆင်း
Dec 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မဈေးနှင့်ဈေးတန်းများ၌ ယ​နေ့နံနက် ၈ နာနာရီအချိန်က မီးဘေးအန္တရာယ်ကင်းရှင်း​စေ​ရေး ကွင်းဆင်းစစ်​ဆေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉:၃၀)နာရီက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။