မိုင်းခတ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရန် ရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးပြပွဲတွင် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုဆောင်းပါးများ၊ ကဗျာများ၊ ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်နှင့် ဦးတည်ချက်များနှင့် အထွေထွေဗဟုသုတစာအုပ်များ၊ ရုပ်ပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ပြည်သူ့နီတိစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များပြသခြင်းကို အသိပညာပေးပြသရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)မှကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)