ကျောက်ဆည် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းပြီး ကျောင်း သား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့ထူးနေ့မြတ်များအကြောင် သိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၃)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များ၊ အမျိုးသားရေး စိတ်ဓာတ်ဆောင်းပါး၊ အမျိုးသားနေ့မမေ့အပ်ရာ ကဗျာ၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်မှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော အေးအတူပူအမျှ မိန့်ခွန်းကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်များ စသည့် အမျိုးသားရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ ပါဝင် ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)