မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ စိုက်ပျိုးသည့် ဧရာပဒေသာမျိုး မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
Dec 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာတွင် ၂၀၂၃ ခုနှစ်၌ စိုက်ပျိုးသည့် ဧရာပဒေသာမျိုးမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ကွင်းအမှတ် (၈၅၇)၊ ဦးပိုင် (၁၂၃/၂) တောင်သူဦးမြအေး၏ လယ်မြေ (၀.၇၈)ဧကရှိ မိုးစပါးဧရာပဒေသာ စိုက်ပျိုးမှု စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်း၊ ကွင်းအမှတ်(၈၅၇)၊ ဦးပိုင်အမှတ်(၁၂၆/၁) တောင်သူ ဦးသန်းဦး၏ လယ်မြေ (၁.၄၈)ဧကတွင် မိုးစပါး ဧရာပဒေသာစိုက်ပျိုးမှုစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်(၈)နာရီက အဆိုပါ မိုးစပါးစံကွက်စိုက်ဧကရှိ ကွင်း၌ ဆောင်ရွက်ခဲ့သည်။