မြို့သစ် ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နေ့လည်(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်မှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးမည့် Book Club အဖွဲ့ဝင် ဆရာကြီး ဦးတင်မောင်ဝင်းက ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ ကဗျာရွတ်ဆို ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ(Grade–4၊ Grade – 5) ကျောင်းသား ကျောင်းသူ(၁၉)ဦးက" အမျိုးသားအောင်ပွဲနေ့" ကဗျာဖြင့်လည်းကောင်း၊ ပုံပြောပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်(Grade-5) ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးက “မကောင်း မှုကြံကိုယ်သာခံ ”ခေါင်းစဥ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီးဆုရရှိသူ ကျောင်း သား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှစ်ပတ်လည်နေ့တွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း (မြို့သစ်)