စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ
Dec 06,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပလျက်ရှိရာ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊ ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။