ကျောက်တန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

ကျောက်တန်း ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများသည် (၄.၁၂.၂၀၂၃)ရက်နေ့ နေ့လယ် ၂ နာရီတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း Autum Dream Co.,ltd မှ တာဝန်ယူဆောင်ရွက်နေသော ကုန်ထုတ်ဂဝံလမ်း(၂/၀မိုင် x၁၂'x၀'.၉')၊ (၁၂'x၁၄')တံတား(၂)စင်း၊ Box culvert ၆'x၂၀)(၅)စင်း၊ စုစုပေါင်းကုန်ကျငွေ (၄၉၀.၇၈၄)သန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းများအား သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်သွားရန်နှင့် အချိန်မှီပြီးစီးရေးတွန်းအားပေးဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီများနှင့် လိုအပ်သောပေါင်းစပ်မှုများ ညှိနှိုင်းမှာကြားခဲ့ပါသည်။

အဆိုပါ ကုန်ထုတ်ဂဝံလမ်းနှင့်တံတားများပြီးစီးပါက ကျေးရွာနေပြည်သူများ ကုန်ပစ္စည်းများ ရာသီမရွေးသယ်ပို့နိုင်ပြီး လယ်ဧက(၄၀၀)အား အကျိုးပြုမည်ဖြစ်သည့်အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်ဆက်)