စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဒုတိယနေ့ဆက်လက်ဖြေဆို

စလင်း ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း အလယ်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုခြင်းကိုယနေ့နံနက်(၉)နာရီအချိန်က စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆိုရာတွင် ဒီဇင်ဘာ(၅)ရက်နေ့တွင် မြန်မာစာနှင့်အင်္ဂလိပ်စာ၊ ယနေ့ ဒီဇင်ဘာ(၆)ရက်နေ့ နံနက်(၉)နာရီတွင် သင်္ချာဘာသာ၊ နေ့လည်ပိုင်းတွင် အထွေထွေဗဟုသုတအား ဖြေဆိုကြရမည်ဖြစ်သည် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ Grade-9(၂၈)ဦး၊ Grade-10(၁၇)ဦး၊ Grade-11(၁၈)ဦး၊Grade-12(၉)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၇၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဒီဇင်ဘာ(၈)ရက်နေ့တွင် ကိုယ်ကာယကြံခိုင်မှု စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်လွင်(စလင်း)