မိတ္ထီလာမြို့နယ်တွင်   ၂၀၂၃ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲကျင်းပ

မိတ္ထီလာ  ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် ၂၀၂၃ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ  စာရေးဆရာ ရွှေညာမြေ မြသင်းကြိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက စာဆို တော်နေ့နှင့် ပတ်သက်၍ ခေါင်းစဉ် လေးခုအား မဲနှိုက်၍ ကျရာ ခေါင်းစဉ်ဖြင့်  ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)