ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံတွင် မြောင်းမြပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ အခမဲ့ ကွင်း‌ဆင်းဆေးကုသ

ဝါးခယ်မ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ဆေးရုံရပ်ကွက်၊ မြူရုံးလမ်းရှိ ဝါးခယ်မပြည်သူ့ဆေးရုံ (ခုတင်-၅၀)သို့ မြောင်းမြပြည့်သူ့ဆေးရုံ (ခုတင်-၂၀၀) မှ ဒေါက်တာ ထွန်းထွန်းဝင်း(ဆေးရုံအုပ်ကြီး) ပါအထူးကုသမားတော် (၁၁) ဦး၊ သူနာပြု(၁၁)ဦး၊ အကူသူနာပြု (၄) ဦး၊ အထွေထွေ (၁၁) ဦး၊ စုစုပေါင်း (၃၇) ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မြောင်းမြမြို့မှရောက်ရှိလာပြီး ဆေးရုံတက်လူနာများနှင့် ပြင်ပလူနာများအား အခမဲ့ဆေးဝါးကုသပေးခဲ့‌ကြောင်း သိရသည်။

ယင်းသို့ ကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆေးကုသပြီးစီးသည့် စုစုပေါင်းလူနာ (ကျား (၃၀၄)၊ မ (၅၈၂)၊ ပေါင်း (၈၈၆))ဦး (အရေပြား ကျား (၅၁)၊ မ (၄၂)၊ ပေါင်း (၉၃) ၊ ခွဲစိတ် ကျား (၂၇)၊ မ (၃၇)၊ ပေါင်း (၆၄)၊ မျက်စိ ကျား (၄၉)၊ မ (၁၃၃)၊ ပေါင်း (၁၈၂)၊ ကလေး ကျား (၂၉)၊ မ (၂၇)၊ ပေါင်း (၅၆)၊ သွား ကျား (၁၄)၊ မ (၂၈)၊ ပေါင်း (၄၂)၊ မီးယပ်သားဖွား မ (၄၀)၊ ပေါင်း (၄၃)၊ အရိုး ကျား (၆၀)၊ မ (၁၃၉)၊ ပေါင်း (၁၉၉)၊ အထွေထွေ ကျား (၇၄)၊ မ (၁၃၆)၊ ပေါင်း (၂၁၀)တို့အား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထက် ပါဆရာဝန် (၃) ဦး၊ သူနာပြု (၁၂) ဦး၊ အထွေထွေ (၂၀) ဦး၊ စုစုပေါင်း (၃၅) ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆေးရုံတက်လူနာ (၂၅) ဦး (ကျား (၁၀)၊ မ (၁၅)) ရှိကြောင်း သိရှိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)