သတင်းများ

ကာလိမြို့၌ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Dec 11,2023
ကာလိမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လျက်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီစျေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၉ ရက် နံနက်(၁၀)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့မှူးမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးများ စတင်ရိတ်သိမ်း
Dec 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုးသည့် သွင်းအားစုများရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော ခရိုက္ခနိကျေးရွာ ကွင်းအမှတ်(၅၂၃) တောင်သူ ဦးဇော်ဟန်၏ လယ်၌ ဒီဇင်ဘာ ၉ ရက် နံနက် ၁၁ နာရီက မိုးစပါးရိတ်သိမ်းနေကြောင်း သိရသည်။
နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်း
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် နွေရာသီနှင့် မိုးရာသီကာလများတွင် စပါးများကို အားထားစိုက်ပျိုးကြရာ ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု၊ စာရံအိုင့်ကျေးရွာရှိ တောင်သူဦးလူလှ၏ ကွင်းအမှတ်(၃၇၆)ရှိ မနောသုခစပါးမျိုး (၀.၁၀)ရှိ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့သည်။
၂၀၂၂ ခုနှစ် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသော သီလရှင် ဆရာကြီး၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ် ပေးအပ်ချီးမြှင့်
Dec 11,2023
၂၀၂၂ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသော သီလရှင် ဆရာကြီး၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်တို့အား အောင်လက်မှတ် ပေးအပ်ချီးမြှင့်သည့် ဆုနှင်းသဘင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက် မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ ဗိမာန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
သုံးခွမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 11,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင် (၄)ခုရှိ မြို့နယ်(၄) မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ
Dec 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျင်းပလျက်ရှိသော မြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့နေ့လယ်၁နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ ပထမအကြိမ် ချင်းရိုးရာကောက်သစ် ဆွမ်းကပ်တရားနာပွဲကျင်းပ
Dec 11,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရုံး၏ ခွင်ပြုရန်ပုံငွေဖြင့်ကျင်းပပြုလုပ်သည့် စေတုတ္တရာမြို့နယ် ချင်းစာပေသင်ကြားရေးနှင့်ယဉ်ကျေးမှုကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး)နှင့် ချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ကြီးမှူးကျင်းပ သည့် ပထမအကြိမ်၊ ချင်းရိုးရာကောက်သစ်ဆွမ်းကပ်ပွဲ(၁၃၈၅ခုနှစ်) တရားနာပွဲကို အမှတ် (၂) ရပ်ကွက် မြကန်သာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Dec 11,2023
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့်  လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။