ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံ‌‌ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

ဒဂုံတောင် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပတ်သက်၍ အသိပညာဗဟုတများရရှိစေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဆရာဦးဆန်းလွင်ဦးက ကြက်‌ခြေနီအသင်းဖြစ်‌ပေါ်လာပုံ၊ ကြက်ခြေနီအသင်းအခြေခံမူများ၊ ကြက်ခြေနီအသင်းရည်ရွယ်ချက်၊ ကြက်ခြေနီအသင်းမှ‌ ဆောင်ရွက်လျက်ရှိ‌သောလုပ်ငန်များအား ကျောင်းသား/ကျောင်သူများ လွယ်ကူသိရှိမှတ်သားနိုင်ရန် ရှင်း‌လင်း‌ပြောကြားပြီး မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှ တပ်ရင်းရုံးအဖွဲ့မှူး ဦးကျော်မင်းထွန်းက ရှေးဦးပြုစုခြင်း အ‌ခြေခံသ‌ဘောတရား‌ခေါင်းစဉ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အရာခံဗိုလ် ဦးအောင်သီဟက လူနာဆန်းစစ်ခြင်းခေါင်းစဉ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ‌အမျိုးသမီးတပ်ခွဲမှူး ဒေါ်ဥမ္မာတင်က စိတ်ပိုင်းဆိုင်ရာ‌ရှေးဦးပြုစုခြင်း စသည့်ခေါင်းစဉ်များကို ပထမနေ့သင်ခန်းစာများအဖြစ် အသီးသီးသင်ကြားပေးကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့အ‌နေဖြင့် သင်တန်းအား (၃)ရက်ကြာ သင်ကြားမည်ဖြစ်ပြီး ယခုလိုသင်တန်းများဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပတ်သက်၍သိရှိထားသင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                             

ကျော်စွာမိုး (ဒဂုံတောင်)