ဟုမ္မလင်း ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာ၊ ဇီးပင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာများမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ထွက်ပြေးတိမ်ရှောင်နေရသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများအား ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၁) ရက်နေ့၊ ညနေ (၃) နာရီအချိန်က ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝင်းရှိ ဓမ္မဝိစယဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ထွက်ပြေးတိမ်ရှောင်နေရသော ယာယီနေရပ်စွန့်ခွာကျေးရွာများဖြစ်သည့် ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာ၊ ဇီးပင်သာကျေးရွာနှင့် နောင်ဆန်းကျင်ကျေးရွာပြည်သူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ ခရိုင်အဆင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများစုစုပေါင်း (၁၁၃၅) ဉီးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)