သတင်းများ

မိတ္ထီလာမြို့နယ် ရေချိုကျေးရွာ အ.ထ.က ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 11,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရေချိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်ဆောင်ရွက်
Dec 11,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင်  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်စာရင်းစစ်ရုံးတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ စဉ့်ကိုင်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာ‌အေးအောင်နှင့် ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်များကို အခမဲ့ ကွင်းဆင်းငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောက်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများစွမ်းပကားမြင့်မားရေး (အင်္ဂလိပ်စာ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ ကျင်းပ
Dec 11,2023
မကွေးတိုင်ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ချောက်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများစွမ်းပကားမြင့်မားရေး (အင်္ဂလိပ်စာ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က ခရိုင်အစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး
Dec 11,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခိုင်သဇင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံနေမှုကိုသွားရောက်ကြည့်ရှုအား ပေးကြသည်။
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 11,2023
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 11,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 11,2023
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။