လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ညောင်တုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး တည်‌ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဒီဇင်ဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်ရှိ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးတည်‌ဆောက်မည့် မြေနေရာသို့ ရောက်ရှိလာရာ ယာယီရှင်းလင်းဆောင်တွင် တာဝန်ယူဆောက်လုပ်သည့်ကုမ္ပဏီ တာဝန်ရှိသူတို့မှ ရုံးသစ်တည်ဆောက်‌ရေးလုပ်ငန်းအခြေအနေများနှင့် ရုံးမြေနေရာအတွင်း သိုလောင်ရုံတည်ဆောက်ပြီးစီးမှု ရာခိုင်နှုန်းနှင့် ဆက်လက်တည်ဆောက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး သိုလောင်ရုံဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရ သည်။

မြို့နယ် (ပြန်ဆက်)