ကြည့်မြင်တိုင်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က "ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အခမ်းအနား” ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးထင်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အလုံခရိုင်မီးသတ်ဦးစီးမှူး ဦးရှိုင်းဝေမိုးမှ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများအား ဂိမ်းကစားခြင်း၊ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်း၊ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)