ပင်းတယမြို့နယ်၌ ပဲစင်းငုံစိုက် တောင်သူများဈေးကောင်းရရှိ

ပင်းတယ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေပြီး ဒီဇင်ဘာလ ဒုတိယအပတ်တွင် ပဲစင်းငုံဈေးနှုန်း ဈေးကောင်းရရှိနေကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ကဆုန်လ၊ နယုန်လတို့တွင် ပဲစင်းငုံအား စတင်စိုက်ပျိုးကြကာ ပဲစင်းငုံအပင်သက်တမ်းသည် ခုနှစ်လကျော်၊ ရှစ်လကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊ သီတင်းကျွတ်လတွင်ပွင့်ကြောင်း အပွင့်ပွင့်ချိန်  မိုးရွာသွန်းမှုများပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်းငုံရဖို့သေချာကြောင်းနှင့် ယခုပဲစင်းငုံတစ်ပိဿာကို ကျပ် (၄၀၀ဝိ/-) ရရှိနေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)