သတင်းများ

စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Dec 13,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ညီထက်အောင် ရေးသားထားသည့် “ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က သီဟိုဠ်တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်‌)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ဖြူးမြို့နယ်၌ ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု​စေမည့် ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်ပေး
Dec 13,2023
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာတွင် ကျေးရွာနေ ပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေမည့် ဆပ်ပြာချက်နည်း သင်တန်းဖွင့်လှစ်​ပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ​ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌ အခြေခံအပ်ချုပ်စက် (၂) လ သင်တန်းဖွင့်ပွဲ ဆင်းပွဲ ကျင်းပ
Dec 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရှာဖွေနိုင်ရန် ရည်ရွယ်၍‌ ယမန်နေ့နံနက်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌ အမျိုးသမီးအပ်ချုပ်စက် (၂)လ သင်တန်းတက်ရောက်ပြီး၍ သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲကော်မတီ အစည်းအဝေးကျင်းပ
Dec 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တိုးတက်အောင်မြင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ အစားအစာများလည်း တိုးတက်အောင်မြင်မှု ရရှိစေရန်အတွက် ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်သုံးဆီပျက်လပ်မှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး
Dec 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ 
ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.မ.က ကျီးတောရိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 13,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းကို  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ် (၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။