သတင်းများ

ငွေဆောင်မြို့ဌာနဆိုင်ရာများမှ မြို့အတွင်းစည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေး ဆိုင်းဘုတ်ချိတ်ကပ်ခြင်းနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယ​နေ့နံနက်(၉း၀၀) နာရီက မြို့အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စုပေါင်းအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အမှိုက်မပစ်ရ ဆိုင်းဘုတ်ချိတ်ကပ်​ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွာထောင်ရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော
Dec 13,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက ရွာထောင်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် အ.မ.က(မူလွန်)မိုးကရင်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မိုးကရင်ကျေးရွာ အ‌ခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရွာငံမြို့နယ်၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ ဆွေးနွေး
Dec 13,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ မြင့်မားလာစေရန် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဆွေးနွေး ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ (၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
Dec 13,2023
(၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဆောင်ရွက်ခဲ့သည့် အမှတ်(၂)ရပ်ကွက် ဒွန်းတပဲ့တာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 13,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာ‌ရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်လှစ်
Dec 13,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်မှန် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ်ခဲ့သည်။
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ယူနန်ဘုံကျောင်းမိသားစုမှ ဆန်များလှူဒါန်း
Dec 13,2023
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လားရှိုးယူနန်ဘုံကျောင်းအဖွဲ့မှ စားနပ်ရိက္ခာများကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ယာယီနေရပ်စွန့်ခွာစခန်းများတွင် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။