သတင်းများ

ကျောင်းကုန်းမြို့၌ တောင်သူစိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲ ကျင်းပ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ သုခကြွယ်ဖူ ဆယ်ဘောလုံးကွင်း၌ တောင်သူစိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ပလတ်စတစ် Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က ဖျာပုံမြို့အဝင် မြို့ဝင်မြို့ထွက် နေရာများ၌ ပြုလုပ်ကြသည်။
ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ်မြို့များတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ စားသုံးဆီ အခက်အခဲ မရှိစေရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှိအသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ် မြို့များတွင်  ယနေ့နံနက်ပိုင်းက စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ်(၁၂:၁၅)နာရီက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင်ဆောင်းသီးနှံနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့စိုက်ပျိုးပွဲကျင်းပ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက္ကဘာကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာ၊ တောင်သူ ဦးအေးကို၏ ဦးပိုင်အမှတ်(၁၁)၊ ကွင်းအမှတ် (၅၅၄- က)၊ လယ်မြေဧက (၂၀)ဧကတွင် ၂၀၂၃- ၂၀၂၄ ခုနှစ် စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုး ထုတ်လုပ်မှုတိုး တက်မြင့်မားရေးအတွက် ဆီထွက်သီးနှံနေကြာစိုက်ဧက ပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေး အပ်ပွဲနှင့်မျိုးစေ့စိုက်ပျိုးပွဲကို ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၉)နာရီအချိန်က  အဆိုပါကျေးရွာရှိတောင်သူ၏လယ်မြေတွင်ပြုလုပ်ကြသည်။
ကလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Dec 13,2023
ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက အောင်ပန်းမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အိမ်တွင်းမှု အချက်အပြုတ် ပြိုင်ပွဲကျင်းပ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမတွင် အိမ်တွင်းမှု အချက်အပြုတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ် အ.မ.က(မူလွန်) ဆင်ကျုံး ပင်မဆောင်တွင် လူငယ်ရေးပညာပေး ဟောပြောပွဲ ကျင်းပ
Dec 13,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ဆင်ကျုံး ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ပင်မဆောင်တွင် ကျင်းပကြောင်း သိရသည်။