ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌ အခြေခံအပ်ချုပ်စက် (၂) လ သင်တန်းဖွင့်ပွဲ ဆင်းပွဲ ကျင်းပ

ရေဖြူ  ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရှာဖွေနိုင်ရန် ရည်ရွယ်၍‌ ယမန်နေ့နံနက်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌ အမျိုးသမီးအပ်ချုပ်စက် (၂)လ သင်တန်းတက်ရောက်ပြီး၍ သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး  သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။

ထို့နောက် သင်တန်း နည်းပြဆရာမ ဒေါ်မေမေလွင်က သင်တန်းကာလ အတွင်းလုပ်ငန်းများကို ရှင်းလင်း ပြောကြားကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ သင်ထောက်ကူပစ္စည်းများအား သင်တန်းသူများအားပေးအပ်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်း အပ်ချုပ်စက်သင်တန်းကို  အောက်တိုဘာ (၁၆) ရက်နေ့မှ ဒီဇင်ဘာ (၁၂) ရက်နေ့အထိ သင်ကြားပေးသွားခဲ့ဖြစ်ပြီး သင်တန်းသူဦးရေ (၁၀)ဦး တက်‌‌ရောက်ခဲ့‌ကြောင်း သိရသည်။

ခတ္တာ