ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီခွဲအချိန်က သီဟိုဠ်တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်‌)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ ဒေါ်မို့မို့သွင်(ရုပ်သံကျွမ်းကျင်-၃)က  စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊ အတတ်ပညာများတိုးပွားပြီး လူနေမှုဘဝမြင့်တက်လာမှုအကြောင်း ခေါင်းစဥ်ဖြင့် အကျယ်တဝင့်‌ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်နှင့်သုတ၊ ရသစာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)