သတင်းများ

လပွတ္တာမြို့ နယ်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သန့်ရှင်းသာယာစေရေးအတွက် ဌာနအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ အိမ်အလိုက်၊ ခြံဝန်းအတွင်းအပြင် ခြုံနွယ်များ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်လတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁ဝ)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
ကျိုက်မရောမြို့ လူထုအခြေပြူဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်
Dec 13,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Dec 13,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားကျင်းပ
Dec 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်)ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြခံပညာအထက်တန်းကျောင်းစံပယ်ခန်းမ၌ ယနေ့နံနက်(၀၈:၃၀)နာရီက "ကလေးသူငယ်များအတွက်သဘာဝဘေး အန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် အချိန်တိုအတွင်း ဝင်ငွေရရှိသည့် ငွေနှင်းမှိုစိုက်ပျိုးသူ များပြားလာ
Dec 13,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ယခု ဆောင်းရာသီအချိန်တွင် အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ကျေးရွာများတွင်  မှိုစိုက်ပျိုးရောင်းချသူ များပြားလာသည်။
ကဝမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မိုးဂနိမ်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မိုးဂနိမ်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့တွင် စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Dec 13,2023
မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများဖြင့် ကိုက်ညီမှု ရှိ/မရှိ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မုံရွာမြို့ပေါ်ရှိ  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အလုံတပ်မြို့နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။