သတင်းများ

တာချီလိတ်မြို့တွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပမည်
Dec 13,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဖြစ်သောကြောင့် အားကစားဝါသနာရှင်များအနေဖြင့် ဒီဇင်ဘာလ ၃၀ ရက် နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Dec 13,2023
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ် “ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးထားပြီးဖြစ်
Dec 13,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ပိုမိုထုတ်လုပ် တင်ပို့ရန်  Action Plan ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀)နှင့်အထက်အဘိုးအဘွားများအား ကျန်းမာရေးစောင့် ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့် အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကိုယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ငပုတောမြို့ အမှတ် (၁)အ‌ခြေခံပညာ အလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့အမှတ် (၁)အ‌‌ခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနနှင့် လူငယ်ရေးရာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူး‌ပေါင်း၍ လူငယ်ရေးရာ  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်သည်။
အောင်လံခရိုင် ပြလို့မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 13,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြလို့မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရှစ်မျက်နှာကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်
Dec 13,2023
“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ တောင်သူဦးသိန်းဝင်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
မိုင်းခတ်၌ အများပြည်သူသွား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Dec 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ‌ရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းခတ်မြို့နယ် အောင်မိုးဟိန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။