ရမည်းသင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝအန္တရာယ်ဆိုင်ရာများ ပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း    ဒီဇင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးစီမံဆိုင်ရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ရမည်းသင်းမြို့ သိမ်ကုန်းအခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သိမ်ကုန်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်ဦးက လူငယ်ရေးရာ ပညာပေးဟောပြောပွဲကျင်းပခြင်းဖြင့် လူငယ်များကျောင်းစာအပြင် လူမှုဝန်းကျင်၏ ဗဟုသုတများသိရှိစေရန် ဟောပြောပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ဘေးစီမံဆိုင်ရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာအောင်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မြေပျိုဘေးစသည့်တိုကို အသိပညာပေး ဟောပြောကာ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရှောင်ရှားနိုင်ရေး ကျောင်းသား/ကျောင်းးသူများဖြင့် သရုပ်ပြသရှင်းလင်းခြင်းကိုလည်းကောင်း၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောရာတွင်  လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေ၊ ရသစာပေများကို သိရှိထားရန် လိုအပ်ကြောင်းအသီးသီးဟော‌ပြောခဲ့ကြသည်။ 

အဆိုပါ ဟောပြောပွဲတွင် သဘာဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပြဘုတ်များ ပြသရာဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဉီးခန့်က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်