ထားဝယ် ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)စီမံကိန်းအားသမဝါယမကဏ္ဍမှ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘုမ္မော်ရပ်ကွက်၊ ရွှေဂျိုးဖြူ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမသင်းမှ အသင်းသားတောင်သူ ဦးဝင်းနိုင်၏ ကျောက်မော်ကွင်းအမှတ်ရှိ ဧကရာဇ်/ပေါ်ဆန်းယဉ်စပါးမျိုး ရိတ်သိမ်းနေမှုအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်အခြေခံသမဝါယမအသင်း(၆)သင်းမှ စိုက်ဧက(၅၇၈)တွင် ဧကရာဇ်/ပေါ်ဆန်းယဉ် စပါးမျိုးအား စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းသိရပြီး ယခုစပါးရိတ်သိမ်းရာသီတွင် အသင်းသား တောင်သူ ဦးဝင်းနိုင်၏ ကျောက်မော်ကွင်းအမှတ်ရှိ စိုက်ဧက(၁၁၁)ဧကအား ရိတ်သိမ်းခဲ့သည်။
ယခင်နှစ်က တစ်ဧက (၆၅)တင်းမှထွက်ရှိရာ ယခုနှစ်တွင် တစ်ဧက(၇၀)တင်းအထိ အထွက်နှုန်း တိုးတက်ပြီး ထွက်ရှိခဲ့ကြောင်းသိရှိရပြီးလာမည့်မိုးစပါးရာသီတွင် အထွက်တိုး GW-11 မိုးစပါးမျိုး စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြာင်း အသင်းသားတောင်သူ ထံမှသိရသည်။
ငွေဇင်ယော်(ထားဝယ်)